မန်ယူအသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး အရှုးပေါ်ခဲ့တဲ့ အပြောင်းအရွှေ့များ ဆာ အဲလက်စ် ဖာဂူဆန် အနားယူပြီးနောက်ပိုင်း မန်ချက်စတာ ယူနိုက်တက်ဟာ ကလပ်တစ်ခုအနေနဲ့ အရာရာကို မှန်ကန်စွာ မလုပ်ဆောင်နိုင်တော့တဲ့အသင်းအဖြစ် လူအများက ရှုမြင်ကြပါတယ်။ အရင်က အင်္ဂလန်ရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်ခဲ့တဲ့ မန်ယူဟာ နည်းပြအပြောင်းအလဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ဝယ်ယူခဲ့တဲ့ ကစားသမားအများစုဟာလည်း အရှုးပေါ်ခဲ့တာကို တွေ့ရပါတယ်။ မန်ယူရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး အရှုးပေါ်ခဲ့တဲ့ အပြောင်းအရွှေ့ ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်_ ၁၀။ အဲရစ် ဘိုင်ယီ - ပေါင် သန်း ၃၀ အဲရစ် ဘိုင်ယီကို ၂၀၁၆ ခုနှစ်မှာ ဘီလာရီးယဲလ်ကနေ ခေါ်ယူခဲ့ပြီး ဟိုဆေး မော်ရင်ဟိုရဲ့ ပထမဆုံးရာသီမှာ အသင်းရဲ့ ခံစစ်ပိုင်းကို အားဖြည့်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကျဆင်းခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဘက်ဆစ်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ပါတယ်။ ၉။ ဒွန်နီ ဗန်ဒီဘိခ် - ပေါင် ၃၂.၄ သန်း ဒွန်နီ ဗန်ဒီဘိခ်ကို ၂၀၂၀ ခုနှစ်မှာ ခေါ်ယူခဲ့ပေမယ့် အင်္ဂလန်ဘောလုံးလောကနဲ့ မလိုက်ဖက်ခဲ့ပါဘူး။ သူ့ကို နည်းပြခဲ့ဖူးတဲ့ အဲရစ် တန်ဟက်ဂ် ရောက်လာချိန်မှာတောင် ခြေစွမ်းမပြနိုင်ခဲ့ဘဲ ၂၀၂၄ ခုနှစ်မှာ ဂျီရိုနာကို အနည်းငယ်သော ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ၈။ အာရွန် ဝမ်-ဘစ်ဆာကာ - ပေါင် ၃၅ သန်း အာရွန် ဝမ်-ဘစ်ဆာကာဟာ မန်ယူမှာ ၅ နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၃၀ အထိ ပါဝင်ခဲ့ပါတယ်။ သူဟာ တစ်ဦးချင်းပွဲတွေမှာ ကောင်းမွန်တဲ့ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အသင်းနဲ့လိုက်ဖက်မှုမရှိခဲ့ပါဘူး။ ၇။ ဟွန် မာတာ - ပေါင် ၃၇.၁ သန်း ဟွန် မာတာဟာ ၂၀၁၃ ခုနှစ်မှာ မန်ယူကို ရောက်ရှိလာခဲ့ပြီး ၂၈၅ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ သူဟာ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တိုကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ၆။ ဖရက်ဒ် - ပေါင် ၃၈.၄ သန်း မန်ယူဟာ ဖရက်ဒ်အတွက် ပေါင် ၄၇ သန်းပေးခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ သူဟာ အလယ်တန်းမှာ တိုက်ပွဲဝင်တဲ့ပုံစံမျိုး ကစားနိုင်ပေမယ့် တခြားကစားသမားတွေရဲ့ အကူအညီလိုအပ်နေခဲ့ပါတယ်။ မန်ယူဟာ သူ့ကို ၂၀၂၃ ခုနှစ်မှာ ဖီနာဘာချီကို ရောင်းချခဲ့ပြီး ကြီးမားတဲ့ငွေကြေးအရှုးကို ရင်ဆိုင်ခဲ့ရပါတယ်။ ၅။ နီမန်ညာ မာတစ် - ပေါင် သန်း ၄၀ နီမန်ညာ မာတစ်ဟာ ချဲလ်ဆီးမှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ မန်ယူကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူမှာ ဆုဖလားမရရှိခဲ့ပါဘူး။ သူကလည်း "မန်ယူမှာ ဆုဖလားကို အာရုံစိုက်မှုမရှိဘူးလို ခံစားခဲ့ရတယ်" လို ပြောကြားခဲ့ပါတယ်။ ၄။ ရာဖယ်လ် ဗာရန်း - ပေါင် ၄၁ သန်း ရာဖယ်လ် ဗာရန်းကို ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် အသင်းအတွက် အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။ အသင်းမှာ အကောင်းဆုံးခံစစ်မှူးတစ်ဦးဖြစ်ခဲ့ပေမယ့် ဒဏ်ရာကြောင့် ပွဲစဉ်တွေ ဆက်တိုက်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ ၃။ အန်တိုနီ မာရှယ် - ပေါင် ၄၄.၇ သန်း အန်တိုနီ မာရှယ်ရဲ့ အစကတော့ အကောင်းဆုံးဖြစ်ခဲ့ပြီး သူ့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတင် သွင်းဂိုးရခဲ့ပါတယ်။ သူဟာ ပုံမှန်မဟုတ်တဲ့ ခြေစွမ်းပြမှုတွေကို ပြသနိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ရာသီမှာ ပရီးမီးယားလိဂ် ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂရိကလပ် အေအီးကေ အေသင်စ်ကို ထွက်ခွာသွားခဲ့ပါတယ်။ ၂။ အန်တိုနီ - ပေါင် သန်း ၆၀ မန်ယူဟာ အန်တိုနီအတွက် ပေါင် ၈၂ သန်းအထိ သုံးစွဲခဲ့ပါတယ်။ သူဟာ အစပိုင်းမှာ ခြေစွမ်းပြခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းခဲ့ပါတယ်။ ပေါင် တစ်ပေါင်ချင်းစီနဲ့ တွက်ကြည့်ရင် သူဟာ မန်ယူရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ခေါ်ယူမှုတစ်ခုဖြစ်ပါတယ်။ ၁။ ပေါလ် ပေါ့ဂ်ဘာ - ပေါင် ၈၉ သန်း ပေါလ် ပေါ့ဂ်ဘာကို ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ်ကနေ ပေါင် ၈၉ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ သူဟာ မန်ယူကို ခေါင်းဆောင်မှုမပေးနိုင်ခဲ့တဲ့အပြင် ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်ကို ပြန်သွားခဲ့ပါတယ်။ ဒီကစားသမားတွေထဲက ဘယ်သူ့ရဲ့ အပြောင်းအရွှေ့က မန်ယူအတွက် အကြီးမားဆုံးအမှားလို ထင်ပါသလဲ?? Comment မှာ ဝင်ရောက်မှတ်ချက်ပေးနိုင်ပါတယ်။