၂၀၂၃ ခုနှစ်က မော်ရိုကိုမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အသက် ၁၆ နှစ်အရွယ် အက်ဒါရာဟင် အူဟီဒါ (Abderrahim Ouhida)ဆိုတဲ့ လူငယ်လေးဟာ သူ့ရဲ့မိသားစုတစ်ခုလုံးကို ဆုံးရှုးခဲ့ရပါတယ်။ သူ့ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အင်္ကျီကို ဝတ်ဆင်ထားပြီး ငိုကြွေးနေတဲ့ ဗီဒီယိုတစ်ခုဟာ လိုင်းပေါ်မှာပျံနှံခဲ့ပြီး ဒါကို ရီးရဲလ်မက်ဒရစ်အသင်းက တွေ့ရှိခဲ့ပြီးနောက်မှာတော့ အူဟီဒါကို ဘာနေဗျူးကွင်းကြီးထဲကို ဖိတ်ခေါ်ခဲ့ပါတယ်။ သူဟာ ဥက္ကဌ ပီးရက်စ်အပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းသားတွေရဲ့ နွေးထွေးစွာ ကြိုဆိုခြင်းကို ခံခဲ့ရပြီး အကူအညီးတွေလဲ အများကြီးပေးခဲ့ပါတယ်။ ဒါအပြင် ရီးရဲလ်မက်ဒရစ်နဲ့ အက်စ်ပန်ညိုအသင်းတိုရဲ့ပွဲစဉ်မှာလည်း ပရိတ်သတ်တွေရှေ့မှာ ဘောလုံးကို ကန်ထုတ်ခွင့်ရရှိခဲ့ပါတယ်။ ဒီလိုလူသားချင်းစာနာမှုပြသခဲ့တဲံ အပြုအမူတွေက ဘောလုံးအားကစားမှာ အောင်မြင်မှုနဲ့ သွင်းဂိုးတွေအကြောင်းသာမကဘဲ လူသားချင်း ချစ်ခြင်းမေတ္တာ၊ ကူညီဖေးမမှုနဲ့ ပျော်ရွှင်မှုတွေအကြောင်းဆိုတာကို ပြသနေပါတယ်။ ဒါဟာ ဘောလုံးကို ဘာကြောင့် ချစ်ရလဲဆိုတဲ့ အကြောင်းရင်းတွေထဲကတစ်ခုပါပဲ။ ဒီလိုမျိုး လူသားချင်းစာနာမှုပြတဲ့ အပြုအမူတွေက ဘောလုံးလောကမှာ ဘယ်လောက်အထိ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေလည်းဆိုတာ ပြသခဲ့ပါတယ်။