Logo

ပွဲစုံ

မူလစာမျက်နှာပွဲစဥ်များသတင်းများဆောင်းပါးများဆက်သွယ်ရန် (Contact us)ဥပဒေဆိုင်ရာ
အကောင့်ဖန်တီးရန် / ဝင်ရောက်ရန်FacebookTwitter
Logo

ပွဲစုံ

‌
‌
‌
‌
‌
‌

ပွဲစုံ

ပွဲစုံက ဘောလုံးကမ္ဘာရဲ့နောက်ဆုံးအဖြစ်အပျက်တွေကို တင်ဆက်ပေးပါမယ် – လှုပ်ရှားမှုတွေ၊ ပြိုင်ပွဲရလဒ်တွေနဲ့ ကစားသမားတွေရဲ့ ပုံပြင်တွေပါ။

လျင်မြန်သောလင့်များ

  • မူလစာမျက်နှာ
  • ပွဲစဥ်များ
  • သတင်းများ
  • ဆောင်းပါးများ
  • ဆက်သွယ်ရန် (Contact us)
  • ဥပဒေဆိုင်ရာ

လူမှုမီဒီယာ

  • Facebook
  • Youtube

သတင်းလွှာ

ဘောလုံးသတင်းနောက်ဆုံးအပ်ဒိတ်များကို အမြဲသိရှိထားနိုင်ပါစေ။

© 2025 ပွဲစုံ. All rights reserved.

အရင်ဒဏ်ရာဟောင်းရဲ့ အခြေအနေကြောင့် စိုးရိမ်စရာဖြစ်လာတဲ့ ရိုဒရီ

ဆောင်းပါးရေးသူ Kaung Myat•(စက်တင်ဘာ ၂၉၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၅၀ မိနစ်)ဆောင်းပါး
အရင်ဒဏ်ရာဟောင်းရဲ့ အခြေအနေကြောင့် စိုးရိမ်စရာဖြစ်လာတဲ့ ရိုဒရီ - banner/ cover image

မန်ချက်စတာ စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရှစ်လတာကာလ ကြာမြင့်အောင် ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ကွင်းလယ်လူ ရိုဒရီ (Rodri)ဟာ အရင်ဒဏ်ရာဟောင်းရဲ့ ပြသနာ အခြေအနေကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပါတယ်။ ဘောလုံးရွှေဘောလုံးဆုရှင် ဖြစ်တဲ့ ရိုဒရီဟာ စနေနေ့က ဘန်လေအား ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲကို လွဲချော်ခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ရမည့် မိုနာကိုနှင့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာတဲ့ အခြေအနေ ဖြစ်နေပါတယ်။ နည်းပြ ပက် ဂွာဒီယိုလာ (Pep Guardiola) ကတော့ ကွင်းလယ်လူနှင့်ပတ်သက်ပြီး မည်သည့် စွန့်စားမှုမျှ မပြုလုပ်ရန် ကတိပေးထားပါတယ်. ရိုဒရီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အာဆင်နယ်နှင့်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီက ပွဲစဥ်တော်တော်များကို လွဲချော်ခဲ့ပါတယ်။ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် တစ်နှစ်အတွင်း ပွဲနှစ်ပွဲသာ ပွဲထွက်ကစားခဲ့ရတဲ့ ရိုဒရီဟာ မန်ချက်စတာ ယူနိုက်တက်၊ နာပိုလီနှင့် အာဆင်နယ်တို့နှင့်ပွဲတွေမှာ တစ်ပတ်အတွင်း သုံးပွဲဆက်တိုက် ပွဲထွက်ကစားခဲ့တာပါ၊ ဟက်ဒါဖီးလ်နှင့် ကာရာဘောင်းဖလားပွဲမှာ အနားယူပြီးနောက် သောကြာနေ့နံနက်ပိုင်းမှာ ဒူးဒဏ်ရာ ပြဿနာရှိကြောင်း ပြန်လည်အကြောင်းကြားခဲ့ပါတယ်။ နည်းပြ ဂွာဒီယိုလာက ရိုဒရီရဲ့ အခြေအနေကို ရှင်းပြခဲ့ရာမှာတော့ "ရိုဒရီဟာ လေ့ကျင့်ရေးဆင်းနေတုန်း 'ကျွန်တော် မကစားနိုင်ဘူး၊ ဒူးက အရမ်းနာနေတယ်။ မကစားနိုင်တော့ဘူး၊ မကစားနိုင်ဘူး' ဆိုပြီးပြောကြားခဲ့ပါတယ်။ဘန်လေနှင့်ပွဲမှာတော့ ရိုဒရီ နေရာမှာ နီကို ဂွန်ဇာလက်ဇ် (Nico Gonzalez)နဲ့ အစားထိုးကစားခဲ့ရပါတယ်။ မန်စီးတီးအနေနဲ့ မိုနာကိုနှင့်ပွဲစဥ်အတွက် ဒဏ်ရာရနေတဲ့ ရာယန် ချာကီ (Rayan Cherki)၊ အိုမာ မာမွတ်ရှ် (Omar Marmoush) နှင့် အက်ဘ်ဒူကိုဒီ ခူဆာနော့ဗ် (Abdukodir Khusanov) တို့မှာလည်း အသင်းနှင့်အတူ ပါဝင်နိုင်မည် မဟုတ်ကြောင်း အတည်ပြုပြီး ဖြစ်ပါတယ်။

မှတ်ချက်များ

မှတ်ချက်ထည့်ရန် ဝင်ရောက်ပါ။