အက်သလက်တီကို မက်ဒရစ်အသင်းကတော့ ဘာစီလိုနာအသင်းစိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေထွက်လာတဲ့ သူတိုအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဂျူလီယန် အယ်ဗာရက်စ် (Julián Álvarez) ကို ပြောင်းရွေ့ကြေသတ်မှတ်လိုက်ပါတယ်။ လီဝန်ဒေါ့စကီး (Robert Lewandowski)ရဲ့ နေရာမှာ ရေရှည် အစားထိုးကစားသမားကို ရှာဖွေနေတဲ့ ဘာစီလိုနာနဲ့ အားကစားဒါရိုက်တာ ဒေကို (Deco) တိုဟာ အယ်ဗာရက်စ်ကို အကောင်းဆုံးအဖြစ် သတ်မှတ်ထားဖြစ်ပါတယ်။ အာဂျင်တီးနားသားရဲ့ ခြေစွမ်းကလည်း ဘာစီလိုနာအသင်း သဘောကျစရာဖြစ်နေပြီး ပြီးခဲ့တဲ့ ရီးလ်ရဲ မက်ဒရစ်အသင်းနဲ့ ပွဲစဥ်မှာလဲ အကောင်းဆုံးခြေစွမ်းတွေနဲ့ အမြင့်ပျံနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ ဂျူလီယန် အယ်ဗာရက်စ်ကို လာမယ့် နွေရာသီဈေးကွက်မှာ သူတိုရဲ့ နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအနေနဲ့ မန်ချက်စတာ စီးတီး (Manchester City) ကစားသမားဟောင်းအတွက် အမှန်တကယ် ဝယ်ယူသွားမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးအမြောက်အများပေးချေသွားရမှာလည်း ဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ် အသင်းဟာ သူတိုရဲ့ တိုက်စစ်မှူး အယ်ဗာရက်စ်ကို လက်လွှတ်ရမည်ဆိုပါက ပြောင်းရွှေ့ကြေး ပမာဏ ယူရို သန်း ၂၀၀ ခန့် ကို တောင်းဆိုသွားမှာလည်းဖြစ်ပါတယ်။ မကြာသေးခင်ကမှာ နည်းပြ ဆီမြွန်နီကလည်း သူ့တိုရဲ့ တိုက်စစ်မှုးကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ထားပြီး အသင်းမှာ ဆက်လက်ထားရှိရန် ကြိုးပမ်းသွားမှာဖြစ်တယ်လို ပြောဆိုထားတာပါ။