ဘာစီလိုနာ (FC Barcelona) အသင်းရဲ့ အားကစားဒါရိုက်တာ ဒေကို (Deco) က နယ်သာလန် ကွင်းလယ်လူ ဖရန့်ကီ ဒီဂျောင်း (Frenkie de Jong) ကို ကလပ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ "ဖရန့်ကီ ဒီဂျောင် စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်တို့ရဲ့ စီမံကိန်းအတွက် သူ့ကို အဓိက ကစားသမားတစ်ဦးအဖြစ် ရှုမြင်ပါတယ်" "ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ကျွန်တော်အနေနဲ့လည်း စာချုပ်သစ်ချုပ်ဆိုနိုင်မယ်ဆိုတာ ယုံကြည်မှုရှိပါတယ်" Deco (ဘာစီလိုနာ အားကစားဒါရိုက်တာ)