ပြင်သစ် နောက်ခံလူ ဝီလီယံ ဆာလီဘာ (William Saliba)ဟာ အာဆင်နယ် (Arsenal) အသင်းနဲ့အတူ ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို တရားဝင် ချုပ်ဆိုလိုက်ကြောင်း ကလပ်အသင်းက ထုတ်ပြန်ကြေညာခဲ့ပါပြီ။ "ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။ ဘာလိုလဲဆိုတော့ ၂၀၁၉ တုန်းက ပထမဆုံး စာချုပ် ချုပ်ခဲ့တာဖြစ်ပြီး၊ အခုလည်း ကျွန်တော့် စာချုပ်ကို ထပ်တိုးဖို ဒီမှာပဲ ရှိနေလိုပါ" "ဒီကိုရောက်လာတာ အိမ်ပြန်ရောက်သလို ခံစားရပါတယ်။ ဒီနေရာဟာ ကျွန်တော့်အတွက် အကောင်းဆုံး နေရာပါ။ ဒီဂျာစီ (အင်္ကျီ) ကို ဝတ်ဆ