ဆော်ဒီအာရေဗျကလပ် အယ်လ် အစ်တီဟတ် (Al Ittihad) အသင်းဟာ သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် နည်းပြကြီး ကလော့ပ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။ ဒါတွေကို နည်းပြကြီးကတော့ အပြတ်သတ်ငြင်းးဆိုထားပြီး မဟုတ်မမှန်ကြောင်း ပြောဆိုထားပါတယ်။ အစ်တီဟတ်အသင်းဟာ နောက်ထပ်နည်းပြတွေဖြစ်တဲ့ အီတလီနည်းပြ လူစီယာနို စပါလက်တီ (Luciano Spalletti)၊ ပေါ်တို နည်းပြဟောင်း ဆာဂျီယို ကွန်ဆီဆောင်း (Sérgio Conceição) နဲ့ လင်ဖီကာ နည်းပြဟောင်း ရော်ဂျာ ရှမစ်ဒ် (Roger Schmidt)တို့နဲ့လည်း သတင်းတွေထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။