ပြင်သစ်စူပါစတား ခီလီယံ အမ်ဘာပေ (Kylian Mbappé)ဟာ မနေ့ညက ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ် (Champions League) ပွဲစဉ်မှာ ရီးယဲလ် မက်ဒရစ် (Real Madrid) အသင်းအတွက် ဟက်ထရစ် (Hat-trick) သွင်းယူကာ အံ့မခန်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အမ်ဘာပေဟာ သူ့ရဲ့အကောင်းဆုံးပုံစံနဲ့ကစားသမားဘဝ ကာလတစ်ခုကို ဖြတ်သန်းနေပြီး၊ စက်တင်ဘာလအတွင်း ကစားခဲ့သည့် ကလပ်အသင်းပွဲစဉ်တွေမှာရော နိုင်ငံအသင်းပွဲစဉ်တွေအားလုံးကို ဂိုးသွင်းယူထားနိုင်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်နေပါတယ်။ မနေ့ညကသွင်းယူခဲ့တဲ့ ဟက်ထရစ် သုံးဂိုးဟာ အမ်ဘာပေအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ၄ ကြိမ်မြောက် ဟက်ထရစ် လည်းဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်ကြောင့် အမ်ဘာပေဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဟက်ထရစ်အများဆုံး ရရှိသည့် ကစားသမားစားရင်းမှာ ခရစ္စတီယာနို ရိုနယ်ဒို၊လီယွန်နယ် မက်ဆီနဲ့ ရောဘတ် လီဝန်ဒေါ့စကီး တို့ရဲ့နောက် ဟက်ထရစ်အများဆုံး ကစားသမားအဖြစ် ဂန္ထဝင်စာရင်းဝင် သွားပြီဖြစ်ပါတယ္။ အမ်ဘာပေရဲ့ မဆုတ်မနစ်ကြိုးစားမှု့တွေနဲ့ အကောင်းဆုံးခြေစွမ်းပြမှုတွေဟာ ဇာဗီအလွန်ဆိုရဲ့ ရီးယဲလ်မက်ဒရစ်ကို ဒီနှစ်ရာသီမှာ ဥရောပကို ဘယ်လောက်ထိစွမ်းဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာပါ။