Logo

ပွဲစုံ

မူလစာမျက်နှာပွဲစဥ်များသတင်းများဆောင်းပါးများဆက်သွယ်ရန် (Contact us)ဥပဒေဆိုင်ရာ
အကောင့်ဖန်တီးရန် / ဝင်ရောက်ရန်FacebookTwitter
Logo

ပွဲစုံ

‌
‌
‌
‌
‌
‌

ပွဲစုံ

ပွဲစုံက ဘောလုံးကမ္ဘာရဲ့နောက်ဆုံးအဖြစ်အပျက်တွေကို တင်ဆက်ပေးပါမယ် – လှုပ်ရှားမှုတွေ၊ ပြိုင်ပွဲရလဒ်တွေနဲ့ ကစားသမားတွေရဲ့ ပုံပြင်တွေပါ။

လျင်မြန်သောလင့်များ

  • မူလစာမျက်နှာ
  • ပွဲစဥ်များ
  • သတင်းများ
  • ဆောင်းပါးများ
  • ဆက်သွယ်ရန် (Contact us)
  • ဥပဒေဆိုင်ရာ

လူမှုမီဒီယာ

  • Facebook
  • Youtube

သတင်းလွှာ

ဘောလုံးသတင်းနောက်ဆုံးအပ်ဒိတ်များကို အမြဲသိရှိထားနိုင်ပါစေ။

© 2025 ပွဲစုံ. All rights reserved.

ဘောလုံးဆောင်းပါးများ

အရာအားလုံး ဆုံးရှုးလိုက်ရတဲ့ ဒန်နီအဲဗက်စ်ကို ကူညီပေးခဲ့တဲ့ ရော်နယ်ဒို
ဆောင်းပါး

အရာအားလုံး ဆုံးရှုးလိုက်ရတဲ့ ဒန်နီအဲဗက်စ်ကို ကူညီပေးခဲ့တဲ့ ရော်နယ်ဒို

“ ငါ့ကိုအမှုစစ်နေတဲ့အချိန်မှာ ငါ့အနားမှာတစ်ယောက်မှမရှိခဲ့ကြဘူး။ ဘာစီလိုနာမှာ ငါ့ကိုလေးစားပါတယ်ဆိုတဲ့လူတွေကလည်း ငါ့ကိုသတင်းတောင် လာမမေးကြပါဘူး။ ဒါပေမယ့် ငါ့ရှေ့နေပြောတာက ငါ့ကိုကူညီပေးနေတဲ့လူတစ်ယောက်ရှိတယ်တဲ့။ သူက ငါမထင်ထားတဲ့လူတစ်ယောက်။ ဘာစီလိုနာမှာတုန်းက ငါနဲ့အမြဲတမ်းယှဉ်ပြိုင်နေရတဲ့ငါ့ပြိုင်ဘက်။ ငါ့ကို လေးစားပါတယ်လို အပိုစကားတွေတစ်ခွန်းမှ မပြောခဲ့တဲ့လူ။ သူက ခရစ္စတီယာနိုရော်နယ်ဒိုပါပဲ။ ငါတရားရုံးတက်နေတဲ့တစ်ချိန်လုံး သူကလိုအပ်တာတွေကူညီပေးတယ်။ ငါထောင်ကျနေတဲ့အချိန်လည်း ငါလိုအပ်တာတွေ ပိုပေးနေတယ်။ ငါထောင်ကထွက်ရင် သုံးဖိုဆိုပြီး ဘဏ်အကောင့်ပါထားပေးတယ်တဲ့။ ငါအားနာလွန်းလို ဘာပြောရမှန်းတောင်မသိပဲ မျက်ရည်ကျမိတယ်။ သူ့ကိုငါဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်းပြောတော့ သူကမလိုပါဘူး ရပါတယ်တဲ့။ ငါတို ဘောလုံးလောကမှာ အရမ်းကောင်းတဲ့ အခိုက်အတန့်တွေ ရင်ဆိုင်ခဲ့ဖူးတယ်။ မင်းနဲ့ငါ ရင်ဆိုင်ရတိုင်း ပရိတ်သ-တ်တွေက ဝါးခနဲ အားရ၀မ်းသာ အားပေးခဲ့ကြတယ်။ မင်းဟာ ဘောလုံးလောကရဲ့ ဂန္တ၀င်ပါပဲတဲ့။ သူ့စကားတွေ ကြားရတာ ငါ့ကိုယ်ငါရှက်မိပါတယ်။ သူကငါ့ကို ဒီလိုမျိုးသဘောထားပေမယ့် ငါက ပွဲတစ်ပွဲမှာ သူ့ခြေထောက်ကို ချို:ဖို ကြံစည်ခဲ့ဖူးတယ်။ သူ့ကိုလည်း ဘယ်တော့မှ အကောင်းမမြင်ခဲ့မိဘူး။ ရော်နယ်ဒိုသာမရှိရင် ငါအခုချိန် အိုးမဲ့အိမ်မဲ့ ဖြစ်နေလောက်ပြီ ” Dani Alves (ဘရာဇီး ဂန္ဓဝင်နောက်ခံလူ)

စက်တင်ဘာ ၂၉၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၅၄ မိနစ်
ဖတ်ရန်
အရင်ဒဏ်ရာဟောင်းရဲ့ အခြေအနေကြောင့် စိုးရိမ်စရာဖြစ်လာတဲ့ ရိုဒရီ
ဆောင်းပါး

အရင်ဒဏ်ရာဟောင်းရဲ့ အခြေအနေကြောင့် စိုးရိမ်စရာဖြစ်လာတဲ့ ရိုဒရီ

မန်ချက်စတာ စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရှစ်လတာကာလ ကြာမြင့်အောင် ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ကွင်းလယ်လူ ရိုဒရီ (Rodri)ဟာ အရင်ဒဏ်ရာဟောင်းရဲ့ ပြသနာ အခြေအနေကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပါတယ်။ ဘောလုံးရွှေဘောလုံးဆုရှင် ဖြစ်တဲ့ ရိုဒရီဟာ စနေနေ့က ဘန်လေအား ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲကို လွဲချော်ခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ရမည့် မိုနာကိုနှင့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာတဲ့ အခြေအနေ ဖြစ်နေပါတယ်။ နည်းပြ ပက် ဂွာဒီယိုလာ (Pep Guardiola) ကတော့ ကွင်းလယ်လူနှင့်ပတ်သက်ပြီး မည်သည့် စွန့်စားမှုမျှ မပြုလုပ်ရန် ကတိပေးထားပါတယ်. ရိုဒရီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အာဆင်နယ်နှင့်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီက ပွဲစဥ်တော်တော်များကို လွဲချော်ခဲ့ပါတယ်။ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် တစ်နှစ်အတွင်း ပွဲနှစ်ပွဲသာ ပွဲထွက်ကစားခဲ့ရတဲ့ ရိုဒရီဟာ မန်ချက်စတာ ယူနိုက်တက်၊ နာပိုလီနှင့် အာဆင်နယ်တို့နှင့်ပွဲတွေမှာ တစ်ပတ်အတွင်း သုံးပွဲဆက်တိုက် ပွဲထွက်ကစားခဲ့တာပါ၊ ဟက်ဒါဖီးလ်နှင့် ကာရာဘောင်းဖလားပွဲမှာ အနားယူပြီးနောက် သောကြာနေ့နံနက်ပိုင်းမှာ ဒူးဒဏ်ရာ ပြဿနာရှိကြောင်း ပြန်လည်အကြောင်းကြားခဲ့ပါတယ်။ နည်းပြ ဂွာဒီယိုလာက ရိုဒရီရဲ့ အခြေအနေကို ရှင်းပြခဲ့ရာမှာတော့ "ရိုဒရီဟာ လေ့ကျင့်ရေးဆင်းနေတုန်း 'ကျွန်တော် မကစားနိုင်ဘူး၊ ဒူးက အရမ်းနာနေတယ်။ မကစားနိုင်တော့ဘူး၊ မကစားနိုင်ဘူး' ဆိုပြီးပြောကြားခဲ့ပါတယ်။ဘန်လေနှင့်ပွဲမှာတော့ ရိုဒရီ နေရာမှာ နီကို ဂွန်ဇာလက်ဇ် (Nico Gonzalez)နဲ့ အစားထိုးကစားခဲ့ရပါတယ်။ မန်စီးတီးအနေနဲ့ မိုနာကိုနှင့်ပွဲစဥ်အတွက် ဒဏ်ရာရနေတဲ့ ရာယန် ချာကီ (Rayan Cherki)၊ အိုမာ မာမွတ်ရှ် (Omar Marmoush) နှင့် အက်ဘ်ဒူကိုဒီ ခူဆာနော့ဗ် (Abdukodir Khusanov) တို့မှာလည်း အသင်းနှင့်အတူ ပါဝင်နိုင်မည် မဟုတ်ကြောင်း အတည်ပြုပြီး ဖြစ်ပါတယ်။

စက်တင်ဘာ ၂၉၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၅၀ မိနစ်
ဖတ်ရန်
ဟာလန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ဘန်လေနဲ့ပွဲအတွက် အသင့်ဖြစ်ပြီလား??
ဆောင်းပါး

ဟာလန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ဘန်လေနဲ့ပွဲအတွက် အသင့်ဖြစ်ပြီလား??

မန်ချက်စတာ စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်း(Erling Haaland)ဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် လာမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အချိန်မီ ပြန်လည်သက်သာဖို ကြိုးစားနေရပါတယ်။ ဟာလန်းဟာ အီမီရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမဲ့ ပွဲချိန် ၇၆ မိနစ်မှာ ကျောဘက်က နာကျင်မှု ခံစားရလို လူစားလဲခဲ့ရပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ အသင်းဟာ “ပင်ပန်းလွန်းတဲ့ တစ်ပတ်” ကို ဖြတ်သန်းခဲ့ရတာကြောင့် ဒီကနေ့ညမှာ ကစားမယ့် ဟက်ဒါဖီးလ်နဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဟာလန်းကို အနားပေးဖွယ်ရှိပါတယ်။ ဒါပေမဲ့ နည်းပြက စနေနေ့မှာ အီတီဟတ်ကွင်းကို လာရောက်မယ့် ဘန်လေနဲ့ပွဲအတွက် ဟာလန်း အချိန်မီ ကြံ့ခိုင်မှု ပြည့်ဝလာမယ်လို မျှော်လင့်နေပါတယ်။ ဂွါဒီယိုလာက “သူ (ဟာလန်း) မနေ့က အနားယူခဲ့တယ်။ လေ့ကျင့်ရေး မဆင်းခဲ့ဘူး။ ဒီနေ့တော့ သူ့ကိုရော ကျန်တဲ့ ကစားသမားတွေကိုပါ မတွေ့ရသေးပါဘူး။ စနေနေ့ပွဲအတွက် အဆင်ပြေလိမ့်မယ်လို မျှော်လင့်ပါတယ်။ ဒီလို တောင်းဆိုမှုများတဲ့ တစ်ပတ်မှာ ကစားသမားတွေ ပြဿနာရှိတတ်ပါတယ်။ စနေနေ့ပွဲအတွက်တော့ အဆင်ပြေမယ်လို ကျွန်တော် ထင်ပါတယ်၊ မျှော်လင့်ပါတယ်” လို ပြောကြားခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ ၈ မှတ်အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအတွက် လာမယ့် နိုင်ငံတကာပွဲတွေမတိုင်ခင် ဟက်ဒါဖီးလ်၊ ဘန်လေ၊ မိုနာကို (ချန်ပီယံလိဂ်) နဲ့ ဘရန့်ဖိုဒ်တိုနဲ့ပွဲစဉ်တွေ ဆက်တိုက်ရှိနေပါတယ်။ မန်စီးတီးမှာ မာတီယို ကိုဗာချစ်၊ ရာယန် အိုက်နူရီနဲ့ အိုမာ မာမူရှ်တို ဒဏ်ရာရနေပြီး အောက်တိုဘာလမှာ ပြန်လာဖို မျှော်မှန်းထားပါတယ်။ ရာယန် ချာကီကတော့ ပေါင်ခြံဒဏ်ရာကြောင့် နိုဝင်ဘာလအထိ အနားယူရဖွယ်ရှိပါတယ်။ ကယ်ဗင် ဖီးလစ်ပ်စ်လည်း ဒဏ်ရာကနေ ပြန်လာပြီး အသင်းမှာ နေရာပြန်ရဖို ကြိုးစားနေပါတယ်။ ဂွါဒီယိုလာဟာ ကာရာဘောင်းဖလားပွဲစဉ်မှာ အရန်ကစားသမားတေွနဲ့ ပွဲထုတ်လာဖိုရှိပြီး “ဘန်လေ၊ မိုနာကိုနဲ့ ဘရန့်ဖိုဒ်ပွဲတွေကို ဦးစားပေးရမှာဖြစ်လို ဒဏ်ရာကင်းအောင် ကစားသမားအလှည့်ကျစနစ် (Rotation) ကို သေချာပေါက် သုံးသွားမှာပါ” လို အတည်ပြုပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၄၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၂၁ မိနစ်
ဖတ်ရန်
မယုံနိုင်စရာ ချန်ပီယံလိပ် မှတ်တမ်းအသစ်နဲ့အတူ Erling Haaland
ဆောင်းပါး

မယုံနိုင်စရာ ချန်ပီယံလိပ် မှတ်တမ်းအသစ်နဲ့အတူ Erling Haaland

အာလင် ဟာလန်း (Erling Haaland) ဟာ ကမ္ဘာ့ဘောလုံးလောကကို အံ့အားသင့်စေမယ့် မှတ်တမ်းအသစ်တစ်ခုကို ထပ်မံ ရယူလိုက်ပြန်ပါပြီ။ အသက်ငယ်ရွယ်သေးတဲ့ နော်ဝေသား တိုက်စစ်မှူးဟာ ချန်ပီယံလိဂ် (UCL) မှာ ၅၀ ဂိုး ပြည့်မြောက်အောင်မြင်ဖိုအတွက် ၄၉ ပွဲ သာ ကစားခဲ့ရပြီး ဘောလုံးသမိုင်းမှာ အမြန်ဆုံး ဂိုး ၅၀ သွင်းယူနိုင်သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဟာလန်း ဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဂိုး ၅၀ ပြည့်မြောက်အောင်မြင်ခဲ့တဲ့ ကစားသမား ၁၀ ယောက်မြောက်အဖြစ် ရပ်တည်လာခဲ့ပါတယ်။ အဲဒီထဲမှာမှ သူရဲ့ အကောင်းဆုံး မှတ်တမ်းကတော့ တစ်ပွဲ ဂိုးသွင်းနှုန်း (goals-per-game ratio) ပဲဖြစ်ပါတယ်။ ဟာလန်း ရဲ့ ဂိုးသွင်းနှုန်းဟာ ၁.၀၂ ဖြစ်ပြီး ကျန်တဲ့ ကစားသမားတွေရဲ့ ဂိုးသွင်းနှုန်းတွေထက် အပြတ်အသတ် သာလွန်နေပါတယ်။ ဟာလန်း ရဲ့ ဂိုးသွင်းနှုန်းဟာ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ (Lionel Messi)၊ ရော်ဘတ် လေဝမ်ဒေါစကီး (Robert Lewandowski) နဲ့ ခရစ္စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) တိုရဲ့ ဂိုးသွင်းနှုန်းတွေထက် အများကြီး ပိုများနေတာကို အောက်မှာ ကြည့်နိုင်ပါတယ်။ • အာလင် ဟာလန်း: တစ်ပွဲ ၁.၀၂ ဂိုးနှုန်း • လီယွန်နယ် မက်ဆီ: တစ်ပွဲ ၀.၇၉ ဂိုးနှုန်း • ရော်ဘတ် လေဝမ်ဒေါစကီး: တစ်ပွဲ ၀.၇၉ ဂိုးနှုန်း • ခရစ္စတီယာနို ရော်နယ်ဒို: တစ်ပွဲ ၀.၇၇ ဂိုးနှုန်း • ရွဒ် ဗန် နစ္စတဲရွိင်း: တစ်ပွဲ ၀.၇၇ ဂိုးနှုန်း • ကီလီယန် အမ်ဘာပေ: တစ်ပွဲ ၀.၆၅ ဂိုးနှုန်း • ကာရင် ဘန်ဇီမာ: တစ်ပွဲ ၀.၅၉ ဂိုးနှုန်း • ရာအူးလ်: တစ်ပွဲ ၀.၅၀ ဂိုးနှုန်း • တီရီ အွန်နရီ: တစ်ပွဲ ၀.၄၅ ဂိုးနှုန်း • သောမတ်စ် မြူလာ: တစ်ပွဲ ၀.၃၅ ဂိုးနှုန်း ဟာလန်း ရဲ့ ဒီလို ထူးခြားတဲ့ စွမ်းဆောင်ရည်ဟာ သူ့ရဲ့ ဂိုးသွင်းဗီဇ၊ ကစားပုံနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတိုရဲ့ ရလဒ်ဖြစ်ပါတယ်။ အသက်အရွယ်ငယ်သေးပြီး ကစားသမားဘဝရဲ့ အထွတ်အထိပ်ကာလကို မရောက်သေးပေမယ့် ဒီလို မှတ်တမ်းတွေ တင်နိုင်ခဲ့တာဟာ သူဟာ ဘောလုံးလောကရဲ့ မျိုးဆက်တစ်ခုမှာ တစ်ဦးတည်းသော ကစားသမားဖြစ်ကြောင်း သက်သေပြနေပါတယ်။ ဟာလန်း ဟာ ဒီလိုစံချိန်တွေကို ဆက်ပြီး ချိုးဖျက်သွားမှာဖြစ်ပြီး ဘောလုံးပရိသတ်တွေကို အံ့အားသင့်အောင် ဆက်လက်လုပ်ဆောင်သွားဦးမှာ သေချာပါတယ်။

စက်တင်ဘာ ၁၉၊ ၂၀၂၅၊ မနက် ၄ နာရီ ၁ မိနစ်
ဖတ်ရန်
ချန်ပီယံလိဂ်ဝင်ခွင့်မရရှိသည့်တိုင်အောင် စံချိန်တင် ဝင်ငွေရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ...
ဆောင်းပါး

ချန်ပီယံလိဂ်ဝင်ခွင့်မရရှိသည့်တိုင်အောင် စံချိန်တင် ဝင်ငွေရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ...

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပေါင် ၆၆၆.၅ သန်းနဲ့ စံချိန်တင် ဝင်ငွေရရှိခဲ့ကြောင်း သိရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့်မရခဲ့ပေမဲ့ အသင်းရဲ့ ဝင်ငွေဟာ အမြင့်မားဆုံးကို ရောက်ရှိခဲ့တာပါ။ ဘဏ္ဍာရေး အခြေအနေ ဝင်ငွေ - စုစုပေါင်းဝင်ငွေ ပေါင် ၆၆၆.၅ သန်း ရှိခဲ့ပြီး ယခင်နှစ်ထက် တိုးတက်ခဲ့ပါတယ်။ လည်ပတ်ရေးအရှုးငွေ ပေါင် ၁၈.၄ သန်း ရှိခဲ့ပြီး၊ ၂၀၂၄ ဘဏ္ဍာရေးနှစ်က ပေါင် ၆၉.၃ သန်း ရှိခဲ့တာနဲ့ နှိင်းယှဉ်ရင် သိသာစွာ လျော့နည်းသွားပါတယ်။ ယူနိုက်တက်အနေနဲ့ ပေါင် ၃၆.၆ သန်းဟာ အဲရစ် တန် ဟာဂ်နဲ့ သူ့ရဲ့ဝန်ထမ်းတွေ ထွက်ခွာခဲ့ရတာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကုန်ကျစရိတ်တွေ ပါဝင်ပါတယ်။ စံချိန်တင် မှတ်တမ်းများ ပွဲစဉ်နေ့ ဝင်ငွေ - ၁၇% တိုးတက်ခဲ့ပြီး လက်မှတ်ရောင်းချမှုနဲ့ အသင်းဝင်တွေရဲ့ အရေအတွက်ဟာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ commercial ၁၀% တိုးတက်ခဲ့ပြီး Snapdragon နဲ့ ပထမဆုံး အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးတွေ မြင်တွေ့နေရပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပေါင် ၆၄၀ မီလီယံ ကနေ ၆၆၀ မီလီယံအထိ ဝင်ငွေရရှိမယ်လို မျှော်မှန်းထားပြီး၊ အဒ်ဂျပ်စ်ထ် အီးဘီတီဒီအေ (Adjusted EBITDA) ကို ပေါင် ၁၈၀ မီလီယံ ကနေ ၂၀၀ မီလီယံအထိ ရည်မှန်းထားပါတယ်။ အသင်းရဲ့ ဒါရိုက်တာချုပ် အိုမာ ဘာရာဒါ(Omar Berrada)က “ကျွန်တော်တို အသင်းကို အားလုံးသော ကဏ္ဍတွေမှာ တိုးတက်အောင် ကြိုးစားနေပါတယ်။ ကွင်းပေါ်မှာတော့ ကျွန်တော်တိုရဲ့ နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်မိပါတယ်၊ ဒီအရာက ရေရှည်အတွက် တည်ဆောက်နေတာပါ။ ကွင်းအပြင်မှာတော့ ပြန်လည်ဖွဲစည်းခြင်းနဲ့ ခေါင်းဆောင်မှု ပြောင်းလဲမှုတွေကနေ အသစ်တစ်ဖန် ပြန်လည်ထွက်ပေါ်လာနေပြီး ကျွန်တော်တိုရဲ့ အားကစားနဲ့ စီးပွားရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို အသင့်ဖြစ်နေပါပြီ။ ကုန်ကျစရိတ် လျှော့ချရေး အစီအစဉ်တွေရဲ့ အကျိုးကျေးဇူးကို စတင်ခံစားလာရတာကြောင့် ငွေကြေးစွမ်းဆောင်ရည် တိုးတက်ဖို အလားအလာ ကောင်းမွန်နေပြီး ဒါက ကျွန်တော်တိုရဲ့ အဓိက ဦးစားပေးဖြစ်တဲ့ ကွင်းပေါ်အောင်မြင်မှုတွေကို ပံ့ပိုးပေးနိုင်ပါလိမ့်မယ်” လို ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁၉၊ ၂၀၂၅၊ မနက် ၃ နာရီ ၅၀ မိနစ်
ဖတ်ရန်
ဘောလုံးအာကစားနည်း စတင်ပေါ်ပေါက်လာပုံ
ဆောင်းပါး

ဘောလုံးအာကစားနည်း စတင်ပေါ်ပေါက်လာပုံ

ဘောလုံးဆိုတာ ကမ္ဘာပေါ်မှာ လူသိအများဆုံးနဲ့ အားအပါဆုံး အားကစားတစ်ခုဖြစ်ပြီး သူ့ရဲ့သမိုင်းကလည်း နှစ်ပေါင်း ထောင်ချီ ရှည်ကြာပါတယ်။ အခုလက်ရှိ ကစားနေတဲ့ ဘောလုံးပုံစံကတော့ ၁၉ ရာစုအလယ်ပိုင်းလောက်မှာ အင်္ဂလန်နိုင်ငံက စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရှေးဦးပုံစံတွေကတော့ အဲဒီ့မတိုင်ခင်ကတည်းက ကမ္ဘာ့နေရာအနှံအပြားမှာ ရှိနေခဲ့ပါတယ်။ ရှေးခေတ်ဘောလုံးရဲ့ အစ ဘောလုံးနဲ့တူတဲ့ အသင်းလိုက်ကစားနည်းတွေရဲ့ ပထမဆုံးအထောက်အထားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်က Mesoamerican ယဉ်ကျေးမှုမှာ တွေ့ရှိခဲ့ရပါတယ်။ ဒီကစားနည်းကို Aztec တွေက "Tchatali" လို ခေါ်ခဲ့ကြပြီး ကျောက်တုံးနဲ့လုပ်ထားတဲ့ ဘောလုံးကို အသုံးပြုခဲ့ကြပါတယ်။ အထူးခြားဆုံးကတော့ ဒီကစားနည်းမှာ ရော်ဘာနဲ့လုပ်ထားတဲ့ bounces ကို သုံးခဲ့တာပါပဲ။ ဒါ့အပြင် ဘောလုံးကို ခြေထောက်နဲ့ကန်တဲ့ ပုံစံမျိုးကိုတော့ တရုတ်နိုင်ငံမှာ ဘီစီ ၃ ရာစုနဲ့ ၂ ရာစုကြားလောက်ကတည်းက "Cuju" ဆိုတဲ့အမည်နဲ့ ကစားခဲ့ကြပါတယ်။ ဒီကစားနည်းကို လေးထောင့်ကွင်းပြင်ပေါ်မှာ သားရေနဲ့ချုပ်ပြီး ငှက်မွေး ဒါမှမဟုတ် သားမွေးတွေနဲ့ ပြုလုပ်ထားတဲ့ ဘောလုံးကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီကစားနည်းရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခုဟာ ဂျပန်ကို ရောက်ရှိသွားပြီး "Kemari" လို အမည်တွင်ခဲ့ပါတယ်။ အင်္ဂလန်ရဲ့ ဘောလုံးသမိုင်း အခုလက်ရှိ ဘောလုံးပုံစံဟာ ၁၂ ရာစုလောက်မှာ အင်္ဂလန်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို အများစုက လက်ခံထားကြပါတယ်။ အဲဒီခေတ်က ဘောလုံးကစားနည်းတွေဟာ ဒီနေ့ခေတ်ထက် ပိုမို ကြမ်းတမ်းပြီး ကစားသမားတွေ အများကြီးပါဝင်ကြပါတယ်။ တစ်ခါတလေ မြိုထဲက လမ်းတွေ၊ လယ်ကွင်းတွေမှာပါ ကစားကြတာကြောင့် ပစ္စည်းတွေပျက်စီးတာ၊ လူတွေ ထိခိုက်ဒဏ်ရာရတာမျိုးတွေ ဖြစ်လာပြီး အစိုးရက ဘောလုံးကစားတာကို ရာစုနှစ်ပေါင်းများစွာ ပိတ်ပင်ခဲ့ရပါတယ်။ ဘောလုံးနဲ့ ရပ်ဘီ ကွဲထွက်လာပုံ ၁၉ ရာစုမှာတော့ ဘောလုံးကစားနည်းဟာ ကျောင်းတွေမှာ တွင်ကျယ်လာပါတယ်။ အဲဒီခေတ်က ဘောလုံးနဲ့ ရပ်ဘီကစားနည်းကြားမှာ ရှင်းရှင်းလင်းလင်း ကွဲပြားမှု မရှိသေးပါဘူး။ ၁၈၄၈ ခုနှစ်မှာ Cambridge မှာ စည်းမျဉ်းတွေ ရေးဆွဲဖို ကြိုးစားခဲ့ကြပေမဲ့ အားလုံး အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးတော့ ၁၈၆၃ ခုနှစ်မှာ လန်ဒန်မြိုမှာ ပထမဆုံး ဘောလုံးအဖွဲချုပ်ကို ဖွဲစည်းပြီး ဘောလုံးစည်းမျဉ်းတွေကို သတ်မှတ်လိုက်ပါတယ်။ အရေးအကြီးဆုံး စည်းမျဉ်းကတော့ ဘောလုံးကို လက်နဲ့ကိုင်ပြီး ပြေးတာကို ခွင့်မပြုတော့တာပါပဲ။ ဒီလို စည်းမျဉ်းတွေ သတ်မှတ်လိုက်တာကြောင့် လက်နဲ့ကစားတဲ့ ရပ်ဘီနဲ့ ခြေထောက်နဲ့သာ ကစားရတဲ့ ဘောလုံး (Association Football) ဆိုပြီး အားကစားနှစ်မျိုး ခွဲထွက်သွားခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးခေတ်သို ကူးပြောင်းခြင်း အစပိုင်းမှာ ဘောလုံးဟာ အင်္ဂလိပ် အလုပ်သမားလူတန်းစားတွေရဲ့ ဖျော်ဖြေရေးသက်သက် ဖြစ်ခဲ့ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းမှာတော့ ပွဲကြီးပွဲကောင်းတွေကို ပရိသတ်ပေါင်း ၃၀,၀၀၀ အထိ လာရောက်ကြည့်ရှုလာကြပါတယ်။ ဒီလို ပွဲလက်မှတ်တွေ ရောင်းရလာတာနဲ့အမျှ အသင်းတွေဟာ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူဖိုအတွက် ငွေကြေးပေးချေတာတွေ စတင်လုပ်ဆောင်လာကြပါတယ်။ ဒီလိုနဲ့ ၁၈၈၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားခြင်းကို တရားဝင် ခွင့်ပြုလိုက်ပြီး သုံးနှစ်အကြာ ၁၈၈၈ မှာတော့ ဘောလုံးလိဂ်ကို ပထမဆုံး စတင်ဖွဲစည်းခဲ့ပါတယ်။ ပထမဆုံးရာသီမှာ အသင်း ၁၂ သင်းနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ လိဂ်အဆင့်အတန်းတွေနဲ့ ချဲ့ထွင်လာခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီ ပြိုင်ပွဲများ ပေါ်ပေါက်လာပုံ ဘောလုံးသမိုင်းမှာ အရေးပါတဲ့ အဆင့်တွေ ဆက်လက်ဖြစ်ပေါ်လာပါတယ်။ FA Cup: ၁၈၇၁ ခုနှစ်မှာ ပထမဆုံး အရေးပါတဲ့ ပြိုင်ပွဲဖြစ်တဲ့ FA Cup ကို စတင်ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာပွဲ: ၁၈၇၂ မှာ အင်္ဂလန်နဲ့ စကော့တလန်တို ပထမဆုံးသော နိုင်ငံတကာပွဲစဉ်ကို ကစားခဲ့ကြပါတယ်။ FIFA အဖွဲချုပ်: ၁၉၀၄ ခုနှစ်မှာ FIFA (Fédération Internationale de Football Association) အဖွဲချုပ်ကို ဖွဲစည်းခဲ့ပါတယ်။ အိုလံပစ်: ၁၉၀၈ ခုနှစ်မှာ ဘောလုံးကို အိုလံပစ်အားကစားပွဲမှာ ပထမဆုံးအကြိမ် တရားဝင် ထည့်သွင်းခဲ့ပါတယ်။ ကမ္ဘာ့ဖလား: ၁၉၃၀ မှာ ပထမဆုံးသော FIFA World Cup ကို ဥရုဂွေးနိုင်ငံမှာ စတင်ကျင်းပခဲ့ပါတယ်။ ဒီလိုနဲ့ ဘောလုံးဟာ အင်္ဂလိပ်တွေရဲ့ အားကစားတစ်ခုတည်း မဟုတ်တော့ဘဲ ကမ္ဘာအနှံအပြားကို ပြန့်နှံသွားခဲ့ပြီး ယနေ့ခေတ်မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ လူကြိုက်အများဆုံး အားကစားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၈၊ ၂၀၂၅၊ မနက် ၁၀ နာရီ ၂၀ မိနစ်
ဖတ်ရန်
ဆောင်းပါးအားလုံးကိုဖတ်ရှုရန်

နောက်ဆုံးရသတင်းများ

"ဘိုင်ယန်မြူးနစ်မှာ အရမ်းပျော်တယ်၊ ကိုယ့်အိမ်လို ခံစားရတယ်"
သတင်း

"ဘိုင်ယန်မြူးနစ်မှာ အရမ်းပျော်တယ်၊ ကိုယ့်အိမ်လို ခံစားရတယ်"

"ကျွန်တော် ဒီမှာ အရမ်းပျော်ပါတယ်။ လူတိုင်းက ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် အရမ်းကို ကြိုဆိုခဲ့ကြတယ်။ နောက်ပြီး ကိုယ့်အိမ်မှာ ရောက်နေသလို ခံစားရပါတယ်" "အနာဂတ်မှာ ဘာတွေ ဆောင်ကျဉ်းလာမလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ" Nicolas Jackson (ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား)

အောက်တိုဘာ ၁၊ ၂၀၂၅၊ ညနေ ၁ နာရီ ၇ မိနစ်
ဖတ်ရန်
Own Goal က ကျွန်တော်တို့ လုပ်မိခဲ့တဲ့ တစ်ခုတည်းသော အမှားပါ
သတင်း

Own Goal က ကျွန်တော်တို့ လုပ်မိခဲ့တဲ့ တစ်ခုတည်းသော အမှားပါ

"ကျွန်တော်တို့ တစ်ခုခုတော့ ရသင့်တာပါ။ ဒါကို သံသယဖြစ်စရာ မလိုပါဘူး။ ကျွန်တော်တို့မှာ တိကျတဲ့ (Big) အခွင့်အရေးတွေ ရှိတယ်လို့ ပြောနိုင်မလားတော့ မသိဘူး၊ ဒါပေမဲ့ အခွင့်အရေးတွေတော့ သေချာပေါက် ရှိခဲ့ပါတယ်။" "ပြိုင်ဘက်ရဲ့ ဂိုးက ကျွန်တော်တို့ လုပ်မိခဲ့တဲ့ တစ်ခုတည်းသော အမှားလေးပဲ ဖြစ်ပါတယ်" Jose Mourinho (ဘင်ဖီကာအသင်းနည်းပြ)

အောက်တိုဘာ ၁၊ ၂၀၂၅၊ ညနေ ၁ နာရီ ၇ မိနစ်
ဖတ်ရန်
ဘာစီလိုနာနဲ့ ကောလဟာလ သတင်းတွေကို မှတ်ချက်ပေးလိုက်တဲ့ အယ်လ်ဗာရက်စ်
သတင်း

ဘာစီလိုနာနဲ့ ကောလဟာလ သတင်းတွေကို မှတ်ချက်ပေးလိုက်တဲ့ အယ်လ်ဗာရက်စ်

"ကျွန်တော်စိတ်တွေအရမ်း တည်ငြိမ်နေပါတယ်။ အမြဲတမ်း စကားပြောသံတွေ (ကောလာဟလတွေ) ရှိနေပေမယ့် အမှန်တရားကတော့ အခုမှ ရာသီ စတာပဲ ရှိပါသေးတယ်။" "ကျွန်တော့်ရဲ့ အာရုံစိုက်မှုက နေ့တိုင်း တိုးတက်ဖို့နဲ့ အက်သလက်တီကိုအတွက် အနိုင်ရဖို့ပါပဲ။ ဒါကပဲ ကျွန်တော့်စိတ်ထဲမှာ တစ်ခုတည်းသော အရာပါ။... ဆိုရှယ်မီဒီယာပေါ်က ပုံပြင်တွေကတော့ ကျွန်တော့်နဲ့ လုံးဝ မသက်ဆိုင်ပါဘူး" Julián Álvarez (အေတီကို မက်ဒရစ် တိုက်စစ်ကစားသမား)

အောက်တိုဘာ ၁၊ ၂၀၂၅၊ ညနေ ၁ နာရီ ၂ မိနစ်
ဖတ်ရန်
ဘိုဒိုအသင်းကို သရေ ရလဒ်ထွက်ပေါ်အပြီး ဖြေရှင်းချက်ပေးလိုက်တဲ့ သောမတ်စ် ဖရန့်ခ်
သတင်း

ဘိုဒိုအသင်းကို သရေ ရလဒ်ထွက်ပေါ်အပြီး ဖြေရှင်းချက်ပေးလိုက်တဲ့ သောမတ်စ် ဖရန့်ခ်

"အကောင်းမြင်တဲ့ အချက်ကတော့ ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာ (Character) ဟာ အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ ပွဲထဲမှာ ဆက်ရှိနေတယ်။ ဆက်ပြီး တိုက်ပွဲဝင်ခဲ့တယ်။ အဲ့ဒါကြောင့် အဝေးကွင်းကနေ အရမ်းကောင်းတဲ့ တစ်မှတ် ရခဲ့တာပါ" "ချန်ပီယံလိဂ်ပွဲမှာ ၂-၀ ဂိုးနဲ့ ရှုံးနေတဲ့အချိန်၊ အထူးသဖြင့် ဒီကွင်းမှာ အရမ်းကောင်းတဲ့ ဘိုဒိုအသင်းကို ရင်ဆိုင်ရတဲ့အခါ ဒီရလဒ်ကို ပျော်ရွှင်ရမှာပါ" "ပထမပိုင်းမှာတော့ ဘောလုံးကို ပိုကောင်းအောင် ထိန်းထားနိုင်ခဲ့ရမယ့် အပိုင်းတွေ ရှိတယ်ဆိုတာ သေချာပါတယ်။ အဲ့ဒါက ရစ်ချာလီဆန်ကြောင့်ပဲလို့ ကျွန်တော် မထင်ပါဘူး။ တကယ်တမ်းကျတော့ အသင်းရဲ့ ဖွဲ့စည်းပုံကြောင့်လည်း နည်းနည်းပါခဲ့ပါတယ်၊ အဲ့လို အခြေအနေတွေမှာ ဘောလုံးကို ပိုထိန်းထားနိုင်ခဲ့ရမှာပါ" "ဒါပေမဲ့ ဒီအရာတွေ တိုးတက်လာမယ်ဆိုတာကိုတော့ ကျွန်တော် သံသယမရှိပါဘူး" Thomas Frank (စပါးနည်းပြ)

အောက်တိုဘာ ၁၊ ၂၀၂၅၊ ညနေ ၁ နာရီ ၁ မိနစ်
ဖတ်ရန်
မန်ယူအကြောင်း မကောင်းပြောစရာ မရှိပါဘူး
သတင်း

မန်ယူအကြောင်း မကောင်းပြောစရာ မရှိပါဘူး

"ကျွန်တော့်ရဲ့ ကလပ်ဟောင်း မန်ချက်စတာ ယူနိုက်တက်အကြောင်း မကောင်းပြောစရာ ဘာမှ မရှိပါဘူး။ ဘဝမှာ မကောင်းတဲ့ အချိန်အခါတွေဆိုတာ ရှိနေတတ်ပါတယ်" "အခု ဒီနေရာမှာ ရောက်ရှိနေရတာ၊ ဒီပြိုင်ပွဲမှာ ကစားခွင့်ရတာနဲ့ ဒီနေ့ ၃ မှတ်ရခဲ့တာတွေအတွက် ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်" Alejandro Garnacho (ချဲယ်ဆီးကစားသမား)

အောက်တိုဘာ ၁၊ ၂၀၂၅၊ မနက် ၅ နာရီ ၂၇ မိနစ်
ဖတ်ရန်
အကောင်းဆုံးပုံစံတွေနဲ့ရှေ့ဆက်နေတဲ့  ခီလီယံ အမ်ဘာပေ
သတင်း

အကောင်းဆုံးပုံစံတွေနဲ့ရှေ့ဆက်နေတဲ့ ခီလီယံ အမ်ဘာပေ

ပြင်သစ်စူပါစတား ခီလီယံ အမ်ဘာပေ (Kylian Mbappé)ဟာ မနေ့ညက ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ် (Champions League) ပွဲစဉ်မှာ ရီးယဲလ် မက်ဒရစ် (Real Madrid) အသင်းအတွက် ဟက်ထရစ် (Hat-trick) သွင်းယူကာ အံ့မခန်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အမ်ဘာပေဟာ သူ့ရဲ့အကောင်းဆုံးပုံစံနဲ့ကစားသမားဘဝ ကာလတစ်ခုကို ဖြတ်သန်းနေပြီး၊ စက်တင်ဘာလအတွင်း ကစားခဲ့သည့် ကလပ်အသင်းပွဲစဉ်တွေမှာရော နိုင်ငံအသင်းပွဲစဉ်တွေအားလုံးကို ဂိုးသွင်းယူထားနိုင်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်နေပါတယ်။ မနေ့ညကသွင်းယူခဲ့တဲ့ ဟက်ထရစ် သုံးဂိုးဟာ အမ်ဘာပေအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ၄ ကြိမ်မြောက် ဟက်ထရစ် လည်းဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်ကြောင့် အမ်ဘာပေဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဟက်ထရစ်အများဆုံး ရရှိသည့် ကစားသမားစားရင်းမှာ ခရစ္စတီယာနို ရိုနယ်ဒို၊လီယွန်နယ် မက်ဆီနဲ့ ရောဘတ် လီဝန်ဒေါ့စကီး တို့ရဲ့နောက် ဟက်ထရစ်အများဆုံး ကစားသမားအဖြစ် ဂန္ထဝင်စာရင်းဝင် သွားပြီဖြစ်ပါတယ္။ အမ်ဘာပေရဲ့ မဆုတ်မနစ်ကြိုးစားမှု့တွေနဲ့ အကောင်းဆုံးခြေစွမ်းပြမှုတွေဟာ ဇာဗီအလွန်ဆိုရဲ့ ရီးယဲလ်မက်ဒရစ်ကို ဒီနှစ်ရာသီမှာ ဥရောပကို ဘယ်လောက်ထိစွမ်းဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာပါ။

အောက်တိုဘာ ၁၊ ၂၀၂၅၊ မနက် ၅ နာရီ ၂၆ မိနစ်
ဖတ်ရန်
သတင်းအားလုံးကိုဖတ်ရှုရန်